အမျိုးသားများ လိင်ပိုင်းဆိုင်ရာ ပြဿနာများ
24-Feb-2017
အမျိုးသားများမှာ အတွေ့ရများတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုက စောစီးစွာ သုက်လွှတ်ခြင်းပါ။ ယောကျ်ားတိုင်း တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ ဒီလိုအဖြစ်မျိုး ကြုံဖူး ကြပါတယ်။ ဒါပေမယ့် ရေရှည်ဒီလိုဖြစ်နေရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။
လေ့လာမှုများအရ အမျိုးသားများရဲ့ ၇၅ ရာခိုင်နှုန်းလောက်ထိ စောစီးစွာသုက်လွှတ်တဲ့ ပြဿနာရှိပါတယ်။ ကိုယ်ထိလက်ရောက် မဆက်ဆံမီကလေးတွင် သုက်လွှတ်ပြီးဖြစ်နေသူများပင် ရှိပါတယ်။ အချို့ကတော့ လိင်ဆက်ဆံတဲ့ လှုပ်ရှားမှု ဆယ့်ငါးချက်မတိုင်မီ သုက်လွှတ်ပြီး ဖြစ်သွားတတ်ပါတယ်။
ဒီကိစ္စက အာရုံကြောတုံ့ပြန်လွယ်လွန်းမှု၊ အလွယ်တကူ စိတ်လှုပ်ရှားလွန်းမှုတွေနဲ့ ဆက်စပ်နေတတ် ပါတယ်။ စိတ်လှုပ်ရှားမှုအပေါ် ထိန်းချုပ်နိုင်စွမ်းအား နည်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ အချို့ဆေးဝါးတွေနဲ့ ရောဂါပိုးကူးစက်ခံရလို့ ဆီးကျိတ်ရောင်ခြင်းကြောင့်လည်း စောစီးစွာ သုက်လွှတ် တတ်ပါတယ်။ ရောဂါပိုးကြောင့် ဆီးကျိတ်ရောင်တဲ့အခါ ပဋိဇီဝ ပိုးသတ်ဆေးများနှင့် ကုသနိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တာမျိုးကို စိတ်ကျဝေဒနာ ပျောက်ဆေးများနဲ့ ကုသလို့ရပါတယ်။ အာရုံကြောတုံ့ပြန်မှု လွန်ကဲတာမျိုးကျတော့ လိင်တံအစွပ် သုံးစွဲခြင်းဖြင့် အာရုံလှုံ့ဆော်မှုကို လျော့ကျစေနိုင်ပါတယ်။ အာရုံခံစားမှု လွန်ကဲလွန်းတဲ့ အချို့ကို ထုံဆေးလိမ်းဖို့ ညွှန်ကြားတတ်ပါတယ်။ ဒါပေမယ့် ထုံဆေးဟာ ကျန်လိင်ဆက်ဆံဖော်ကိုပါ ထုံစေတဲ့ အာနိသင်ကျရောက်တတ်တဲ့အတွက် ကျေနပ်မှုရရှိမှု နှေးသွားစေနိုင်ပါတယ်။
Healthcare.com.mm
Ref:
ဒေါက်တာမြင့်သန်း (သန္ဓေသား)
Health for all magazine, June 2013, Pg.136
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
